About
Biography
ကျွန်မတေးသံရှင် သွန်းသည် အနုပညာလောကထဲကို 2005 ခုနှစ် ကတည်းက စတင်ဝင်ရောက်ခဲ့ပါသည်။ အနုပညာ ဝါသနာကို ကလေးဘဝအရွယ်ကတည်းကစပြီး ဝါသနာပါခဲ့ပါသည်။ သွန်းတို့ တစ်အိမ်သားလုံးကလည်း အနုပညာကို ဝါသနာပါပါသည်။ ဖေဖေ ဆိုရင်လည်း piano ကို ငယ်ငယ်ကတည်းက ကျွမ်းကျင်စွာ တီးတတ်ပြီး မေမေဆိုရင်လည်း သီချင်းအနည်းငယ် ဆိုတတ်ပါသည်။ အိမ်က မောင်နှမအကုန်လုံး လည်း stage ပေါ်တွင် သီချင်းတွေ ဆိုခဲ့ဖူးပါသည်။ အဲဒီတုန်းက သွန်းက ငယ်သေးတာမို့ မဆိုဖြစ်ခဲ့ရပါဘူး။
မော်လမြိုင်မြို့ ရောက်မှ ရှစ်တန်း ကိုးတန်းမှာ အ.ထ.က ခြောက် ကျောင်းကထိန်ပွဲတွင် စတင် သီချင်းဆိုခွင့် ရပါသည်။ ရန်ကုန်တက္ကသိုလ်ရဲ့ RC-2 မှာလည်း သီချင်းဆိုခဲ့ဖူးပါသည်။ ရန်ကုန်မှာ အစ်မဝမ်းကွဲဖြစ်တဲ့ ဂန္တဝင်အဆိုတော် မမအေးအောင် ရဲ့ အရိပ်ပမာ မခွဲခွါ၊ ၉၂၇ စသော သီချင်းများဖြင့် မြန်မာ့အသံ၊ မြဝတီ ရုပ်မြင်သံကြား မှာ စပြီး သီချင်းဆိုရိုက်ကူးပေးခဲ့ပါသည်။ မြန်မာ့အသံတွင် ဂီတစာဆို ကိုလိုမြင့်၏ သီချင်းတစ်ပုဒ် ဓာတ်ပြားရခဲ့ပါသည်။
Years of release of albums
– 2009 ခုနှစ်မှာ ခွန်အောင်ဇော်မင်း (မြို့ပြ) မှ ဒုတိယ Album လေးကို “လပြည့်ညအဝေး” ခေါင်းစဉ်လေး နဲ့ ထွက်ရှိခဲ့ပါသည်။
– 2012 မှာတော့ သွန်း ရဲ့ “တသက်စာသတိရနေမှာပါ”
– 2015 မှာ “ကိုကို ချစ်ဝဲလည်” DVD Live Show Album လေးလည်း ထွက်ဖြစ်ခဲ့ပါတယ်။
– 2016 မှာ တေးရေး သဟာအောင်တကိုယ်တော် ရေးတဲ့ “မြို့သား နဲ့ တောသူ” Album လေးကို ထွက်ရှိခဲ့ပါတယ်။ အဲဒီ Album လေးထဲမှာ တေးသံရှင် ကိုမနော နဲ့ သဟာအောင် တို့နဲ့လည်း စုံတွဲသီဆို ဖြစ်ခဲ့ပါတယ်။ အဲဒီ Album လေးထဲက မနော နဲ့ သီဆိုထားတဲ့ မြို့သား နဲ့ တောသူ၊ မရက်စက်နဲ့၊ တို့အလှူ၊ တို့မေမေ၊ ကောက်စိုက်ချိန် အစရှိတဲ့ သီချင်းများဖြင့် သွန်း ဆိုပြီးတော့ လူသိများလာခဲ့ပါသည်။
– 2017 ခုနှစ်မှာတော့ မရက်စက်နဲ့၊ 2018 ခုနှစ်မှာ တို့မေမေ သီချင်း နဲ့ Shwe FM မှာ သီချင်းတောင်းဆိုမှု အများဆုံး ဆုကို နှစ်နှစ် ဆက်တိုက် ရရှိခဲ့ပါသည်။
– 2018 ခုနှစ် မှာတော့ အချစ်နန်းတော် Album၊ 2020 မှာ Mr.Gentlemen ကို စုံတွဲအဆိုတော် ကိုဟဲလေး၊ စောလားထော်ဝါး၊ ဇွဲပြည့်၊ ကိုဇာနည်၊ အာကာဟိန်း တို့နဲ့ သီဆိုခဲ့ပါသည်။ 2020 မှာ “ပိတောက်နှင့်အတူ” Album သင်္ကြန်သီချင်းများ ထွက်ခဲ့ပါသည်။ 2020 မှာပဲ “ဆုတောင်းမေတ္တာ” အကျိုးပြုသီချင်းလေးကို Album ထွက်ခဲ့ပါသည်။
– 2021 မှာလည်း နောက်ထပ် Album အတွက် ပြင်ဆင်နေပါတယ်။
* ချစ်တဲ့ ပရိသတ်များ နဲ့ အဆက်အသွယ် မပြတ်ဖြစ်အောင် သွန်း နဲ့ FB နဲ့ Youtube တွင် မကြာမကြာ တင်သွားဖို့ရှိတဲ့အတွက် Like and Subscribe လေးလုပ်ထားလို့ရပါတယ်။ *